ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

About (အလင်းမျက်ဝန်းဟူသည်)

အမည်နာမ (Title)

မြန်မာမွတ်စ်လင်မ်တို့အတွက် သမိုင်းဝင် အစ္စလာမ့်မီဒီယာများဖြစ်ခဲ့သော "ကမ္ဘာ့အလင်း" "အစ္စလာမ့်အလင်း" "အစ္စလာမ့်မျက်ဝန်း" တို့၏ အမည်များကို အခြေပြုကာ "အလင်းမျက်ဝန်း" ဟူ၍ မှည့်တွင်ခဲ့ပါသည်။

နောက်ခံသမိုင်း  (Background History)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် Facebook Page အဖြစ် ပြုလုပ်ပြီး မြန်မာမွတ်စ်လင်မ်တို့အတွက် သိသင့်သိထိုက်သည်များကို လွယ်ကူစွာဖြင့် လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်ကြစေရန် Messages Letter များ ဖန်တီး၍ ဝေမျှပေးခဲ့သည့် ပထမဆုံးသော အပျော်တမ်း စာမျက်နှာ ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် Android OS စနစ်သုံး Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်သည့် "အလင်းမျက်ဝန်း" apk Version 1.0 ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံးသော မြန်မာဘာသာဖြင့် တင်ဆက်ပေးသည့် မိုဘိုင်းသုံး အစ္စလာမ့်မီဒီယာအဖြစ် သမိုင်းသစ်ကို စိုက်ထူနိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပိုမိုကောင်းမွန်သော Version 2.0 အဖြစ်နှင့် ပြင်ဆင်၍ Google Play Store မှတစ်ဆင့် ကမ္ဘာအနှံ့သို့ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် Mubarak (လက်ဆောင်) အမည်ဖြင့် Version 3.0 ကို Google Play Store မှတစ်ဆင့် ဆက်လက်၍ ဖြန့်ဝေပေးခဲ့ပါသည်။

၂၀၁၄ ခုနှစ် ဇွန်လတွင် Facebook ပေါ်မှ လူငယ် Activist များ၏ တင်ပြချက် ဆောင်းပါးများကို “အစ္စလာမ်နှင့်မီဒီယာ” အမည်ဖြင့် စုစည်း၍ တင်ဆက်ခြင်းဖြင့် မြန်မာမွတ်စ်လင်မ်တို့အတွက် ပထမ ဆုံးသော မီဒီယာဆိုင်ရာ စာအုပ်အဖြစ် သမိုင်းသစ်ကို စိုက်ထူနိုင်ခဲ့ပေသည်။

ထို့နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းကာလအထိ အလင်းမျက်ဝန်း၏ လုပ်ငန်းစဉ်များအားလုံးကို ရပ်စိုင်းခဲ့ရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် တံဆိပ်အမှတ်အသားနှင့် လုပ်ငန်းအမည်ဖြင့် မီဒီယာလုပ်ငန်းများ (တရားဝင်) လုပ်ကိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတော်၌ စာချုပ်အမှတ် (၂၀၁၆/၄၂/၄/၁၃) အရ မူပိုင်ခွင့် မှတ်ပုံတင်သွင်းခဲ့ပြီး (တရားဝင်) အစ္စလာမ့်မီဒီယာအဖြစ် အလင်းမျက်ဝန်း၏ မီဒီယာလုပ်ငန်းစဉ်များကို ပြန်လည်လုပ်ကိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ်အတွင်း ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား အစရှိသောနိုင်ငံများမှ အစ္စလာမ့်ရုပ်သံလုပ်ငန်းကြီးများနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်းများဖြင့် ဆက်သွယ်ချိတ်ဆက်၍ မြန်မာမွတ်စ်လင်မ်များအတွက် ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်နိုင်ရန် အပြန်အလှန် သဘောတူညီမှုများ ရယူခဲ့ပါသည်။ (ငွေကြေးပြည့်စုံခဲ့သော် ဆက်လက်ဆောင်ရွက်သွားပါမည်။)

ရည်ရွယ်ချက် (Intention)

မြန်မာမွတ်စ်လင်မ်များထံ သတင်းများ ပြန်ကြားပေးရန်၊ အသိပညာများ မျှဝေပေးရန်၊ အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ရန်နှင့် သာသနာနှင့်ဆန့်ကျင်မှုမရှိဘဲ ဖျော်ဖြေပေးရန် ဖြစ်ပါသည်။

မျှော်လင့်ချက် (Vision)

အလင်းမျက်ဝန်းသည် အင်အားကောင်းပြီး အရည်အချင်းပြည့်ဝသော ဘက်စုံမီဒီယာတစ်ခုအဖြစ် ရင်ပေါင်တန်းရပ်တည်၍ မြန်မာမွတ်စ်လင်မ်တို့၏ လူမှုဘဝများကို တတ်ကြွစွာ လွှမ်းခြုံပေးနိုင်ရမည်။

ခံယူချက် (Mission)

မှန်ကန်သည့် အစ္စလာမ့်အဆုံးအမဖြစ်သော အဲ့ဟ်လေ့စွန္နသ် ဝလ်ဂျမာအသ် လမ်းစဉ်ပေါ်တွင် ခိုင်မာစွာ ရပ်တည်၍ မျိုးဆက်သစ် “ မြန်မာမွတ်စ်လင်မ်လူငယ်များ ” ၏ အခန်းကဏ္ဍကို အလေးထားကာ စွမ်းဆောင်ရည် မြှင့်တင်ပေးပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ရှေးရှုသော လွတ်လပ်ပြီး အရောင်ကင်းစင်သည့် အစ္စလာမ့် ရုပ်သံမီဒီယာအဖြစ် ရင်ဘောင်တန်းကာ လျှောက်လှမ်းသွားပါမည်။

အရှိတရား (Standing)

အလင်းမျက်ဝန်းသည် မြန်မာပြည်ကို ချစ်မြတ်နိုးသော မိဘပြည်သူများမှ မွေးဖွားလာသည့် မွတ်စ်လူငယ်များမှ မိမိတို့၏ ရင်တွင်းမှ မေတ္တာ စေတနာတို့ဖြင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ရှေးရှုကာ တင်ဆက်ပေးနေသည့် လွတ်လပ်သော အစ္စလာမ့် မီဒီယာတစ်ခု ဖြစ်ပါသည်။

အလင်းမျက်ဝန်းသည် လုပ်ဆောင်နိုင်သည့် အင်အားရှိသော်လည်း ရပ်တည်မှုအတွက် အခက်အခဲ ရှိနေသောကြောင့် ပုံမှန်လည်ပတ်နိုင်ရေးအတွက် အရှိန်ယူနေရဆဲ ဖြစ်ပါသည်။

ပံ့ပိုးမှု (Supporting)

အလင်းမျက်ဝန်းသည် နိုင်ငံတစ်ခုခု (သို့) အဖွဲ့အစည်းတစ်ခုခု (သို့) လူတစ်ဦးဦး ထံမှ အထောက်အပံ့ ရယူ၍ ရပ်တည်နေခြင်းမဟုတ်ဘဲ လူငယ်များ၏ စုပေါင်းအင်အားဖြင့် လွတ်လပ်စွာ ရပ်တည်နေသည့် အစ္စလာမ့်မီဒီယာတစ်ခုသာ ဖြစ်ပါသည်။

ရေရှည်ရပ်တည်နိုင်ရန်အတွက် အခက်အခဲများစွာ ရှိနေပါ၍ အဘက်ဘက်မှ ပံ့ပိုးလာမှုတိုင်းကို ကြိုဆိုပါသည်။ (၁) ကိုယ်တိုင်ပါဝင်လုပ်အားပေးခြင်း၊ (၂) ငွေကြေးထည့်ဝင်လှူဒါန်းခြင်း၊ (၃) စီးပွါးရေးလုပ်ငန်းကြော်ငြာများထည့်သွင်းခြင်း၊ (၄) ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း

နှိုးဆော်ချက် (Exhortation)

ရေစက်ငယ်များ ပေါင်းစုသော် သမုဒ္ဒရာကြီး ဖြစ်တည်နိုင်သကဲ့သို့ အလင်းမျက်ဝန်းခိုင်မာအားကောင်းလာအောင် မြန်မာမွတ်စ်လင်မ်များ ဝိုင်းဝန်းအားပေးကြပါ။

ကြွေးကြော်သံ (Slogan)

၁။ အမှန်တရားဟာ...
    အလင်းရောင် တစ်ခုဆိုရင်
    မျက်လုံးတိုင်းတွင် အလင်းရောင်မရှိ
    လူသားတိုင်းတွင် အလင်းမျက်ဝန်း ရှိရမည်
    အလင်းမျက်ဝန်းသည် လူသားတိုင်းအတွက် ဖြစ်သည်

၂။ အလင်းမျက်ဝန်းသည် မြန်မာမွတ်စ်လင်မ်တို့အတွက် နှုတ်/နား/မျက်လုံးအဖြစ် ခံယူ၍ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ရှေးရှုသည့် လွတ်လပ်သော “အစ္စလာမ့်မီဒီယာ” ဖြစ်ပါသည်။

၃။ မြန်မာမွတ်စ်လင်မ်လူထုကြား လူကြိုက်အများဆုံးသော အစ္စလာမ့်မီဒီယာ

မူပိုင်ခွင့် (Copyright)

အလင်းမျက်ဝန်း၏ အမည်၊ တံဆိပ်အမှတ်အသားနှင့် ဖော်ပြ/ထုတ်လုပ်သည့် အကြောင်းအရာ အချက်အလက်များကို သက်ဆိုင်ရာတွင် တရားဝင် မူပိုင်ခွင့် မှတ်ပုံတင်သွင်းထားပါသည်။

အလင်းမျက်ဝန်းသို့ ဆက်သွယ်လိုပါက CONTACT ကို နှိပ်ပါ။
[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat